Funny

Online Shop မှာ ရောင်းချဖို့ ယောကျ်ားကို photo model လုပ်ခိုင်းခဲ့တဲ့အမျိုးသမီး

ကမ္ဘာ့ကပ်ရောဂါကြောင့် ဆိုင်ပိတ်ထားရတဲ့ fashion shop တော်တော်များများဟာ online shop အနေနဲ့ အင်တာနက်ပေါ်မှာ ရောင်းချလာကြပါတယ်။ online shop ပေါ်မှာ ပစ္စည်းတွေကိုရောင်းချတဲ့အခါ ဓာတ်ပုံတွေကိုပြပြီး ရောင်းချရပါတယ်။ အချို့သောဖက်ရှင်ဆိုင်များဟာ ပစ္စည်းတွေသာရှိပြီး ဓာတ်ပုံတွေမရှိတဲ့အတွက် ဓာတ်ပုံတွေကို ကိုယ်တိုင်ပြန်ရိုက်ပြီး ရောင်းချကြပါတယ်။ ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးကတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ သူ့ယောကျ်ားကိုမြင်ပြီး အကြံဉာဏ်တစ်ခုရခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ယောကျ်ားကို photo model ပြုလုပ်ခိုင်းဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူမဟာ ဓာတ်ပုံတွေရိုက်ပြီးတဲ့အခါ သူမရဲ့ online shop ဖြစ်တဲ့ facebook page မှာ အင်္ကျီတွေကိုရောင်းချဖို့ ဓာတ်ပုံတွေကိုတင်လိုက်တဲ့အခါမှာတော့ တော်တော်လေးကို နာမည်ကြီးသွားခဲ့ပြီး မှတ်ချက်ပေးသူများနဲ့ ပြန်လည်မျှဝေသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ အောက်ဘက်မှာတော့ သူမရဲ့ online shop မှာတင်ခဲ့တဲ့ဓာတ်ပုံတွေကို …

Online Shop မှာ ရောင်းချဖို့ ယောကျ်ားကို photo model လုပ်ခိုင်းခဲ့တဲ့အမျိုးသမီး Read More »

နာမည်‌ကျော်ပန်းချီကားတွေထဲက အတိုင်းရယ်စရာကောင်းအောင်ပုံစံတူဓာတ်ပုံရိုက်ကူးခဲ့ကြသူများ – ပုံ(၂၀)

‌ကိုဗစ်(၁၉) ကမ္ဘာ့ကပ်ရောဂါကြောင့် ယခုနှစ်မှာတော့ နိုင်ငံအတော်အများများက လူအများစုဟာ Stay Home နေထိုင်ကြပါတယ်။ ထိုသို့ အိမ်မှာနေရင်း လူအများစုက အွန်လိုင်းပေါ်မှ သင်ခန်းစာများလေ့လာခြင်း၊ စျေးရောင်းခြင်း၊ Tik Tok ကစားခြင်းနဲ့ မုန့်တွေအမျိုးမျိုးပြုလုပ်ခြင်း အစရှိတဲ့ မိမိတို့ဝါသနာတဲ့အရာများကို ပြုလုပ်ကြပါတယ်။ ဒါပေမယ့် အချို့သောသူတွေကတော့ လူမှုကွန်ယက်ပေါ်မှာ Challenge အမျိုးမျိုးပြုလုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ Challenge တွေထဲမှ အချို့သောသူတွေက နာမည်ကြီးပန်းချီကားများနဲ့ အခြားပန်းချီကားတွေထဲက ပုံစံအတိုင်းပြုလုပ်ပြီး ဓာတ်ပုံရိုက်ကူးတဲ့ Challenge ကို ပြုလုပ်ခဲ့ကြပါတယ်။ အောက်ဘက်မှာတော့ ပန်းချီကားတွေထဲက ပုံစံအတိုင်းဓာတ်ပုံရိုက်ကူးခဲ့ကြသူများရဲ့ ရယ်စရာကောင်းတဲ့ ဓာတ်ပုံအချို့ကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ …

နာမည်‌ကျော်ပန်းချီကားတွေထဲက အတိုင်းရယ်စရာကောင်းအောင်ပုံစံတူဓာတ်ပုံရိုက်ကူးခဲ့ကြသူများ – ပုံ(၂၀) Read More »

မိမိရိုက်ပေးထားတဲ့ပုံနဲ့ ချစ်သူကောင်လေးက ပြန်ရိုက်ပေးသောဓာတ်ပုံများ – (၂၅)ပုံ

ချစ်သူကောင်မလေးတစ်ယောက်က သူမရဲ့ချစ်သူကောင်လေးကို ပြောတဲ့ ” ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးပါလား ” ဆိုတဲ့စကားဟာ အမှန်တကယ်တော့ ဓာတ်ပုံတစ်ပုံတည်းကိုရိုက်ခိုင်းတာ မဟုတ်ပါဘူး။ သူတို့ တကယ်ဆိုလိုတာကတော့ ဓာတ်ပုံတွေကို များနိုင်သလောက် များများရိုက်ပေးဖို့ပါပဲ။ နောက်ပြီးတော့ သူတို့ အကြိုက်ဆုံးဓာတ်ပုံတွေ မရခဲ့ရင်တော့ သူတို့ရဲ့ကောင်လေးတွေကို ဓာတ်ပုံရိုက်တဲ့နေရာမှာ ညံ့တယ်လို့ ပြောဆိုတတ်ကြပါတယ်။ ဒါတင်မကသေးပါဘူး လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ “pics I take of my boyfriend vs pics he takes of me” ဆိုတဲ့ခေါင်းစဥ်နဲ့ မိမိရိုက်ပေးတဲ့ဓာတ်ပုံ vs ချစ်သူကောင်လေးက ပြန်ရိုက်ပေးတဲ့ဓာတ်ပုံဆိုပြီးတော့တောင် ပြန်လည်မျှဝေခဲ့ကြပါသေးတယ်။ အောက်ဘက်မှာတော့ Twitter ပေါ်မှာ သူတို့တွေ ပြန်လည်မျှဝေထားကြတဲ့ဓာတ်ပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ …

မိမိရိုက်ပေးထားတဲ့ပုံနဲ့ ချစ်သူကောင်လေးက ပြန်ရိုက်ပေးသောဓာတ်ပုံများ – (၂၅)ပုံ Read More »

ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဆရာကျလွန်းတဲ့သူများ – (၂၅)ပုံ

ဉာဏ်ကြီးရှင်တစ်ယောက်ဆိုတာ တီထွင်ဖန်တီးမှုကြီးကြီးမားမားတွေ ပြုလုပ်မှ မဟုတ်ပါဘူး။ နေ့စဉ်ကြုံတွေ့နေကြပြဿနာများကို အခြေအနေ၊ အချိန်အခါအရ ပုံစံအမျိုးမျိုးနဲ့ ဖြေရှင်းတတ်သူများဟာလည်း ဉာဏ်ကြီးရှင်တွေပါပဲ။ အောက်ဘက်မှာတော့ ထိုကဲ့သို့ဉာဏ်ကြီးရှင်များရဲ့ ပြဿနာများကို ပုံစံအမျိုးမျိုးနဲ့ ဖြေရှင်းထားကြပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ၁။ ၂။ ရေချိန် ၃။ တိုင်တက်ဖိနပ် ၄။ ၅။ ပန်ကာလေကို နှစ်ယောက်လုံးရအောင် ကြံဖန်ထားကြတာ ၆။ ကားခါးပတ်နဲ့ ပြုလုပ်ထားတဲ့တံခါး ၇။ ပြောင်းပြန်ခြေရာဖိနပ် ၈။ တံခါးလက်ကိုင်မရှိလည်း တိပ်ရှိရင်ဖြစ်တယ် ၉။ ဝါရှာမရှိလို့ အကြွေစေ့နဲ့တပ်ထားလိုက်တယ် ၁၀။ တခြားအခန်းကနေ ခလုတ်အဖွင့်အပိတ် လုပ်လို့ရအောင် ၁၁။ ခိုးမရအောင် သော့ခတ်ထားပုံ ၁၂။ ပြန်သွားကောက်စရာ မလိုတော့ဘူး ၁၃။ ပေါင်မုန့်ကင်စက်မရှိလို့ ၁၄။ ကားဟွန်းပျက်နေလို့ ၁၅။ ၁၆။ ခြေထောက်အေးပေမယ့် ခြေသည်းနီဆိုးထားသောအခါ …

ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဆရာကျလွန်းတဲ့သူများ – (၂၅)ပုံ Read More »

ဒီဇိုင်းပညာရှင်များရဲ့ ရယ်စရာကောင်းတဲ့ တီထွင်ဖန်တီးမှုများ – (၂၅)ပုံ

ယနေ့ခေတ်မှာတော့ ဒီဇိုင်းပညာရှင်များဟာ အများနဲ့မတူဘဲ ဆန်းသစ်တီထွင်မှုများ ပြုလုပ်လာကြပါတယ်။ Professional ဒီဇိုင်းပညာရှင်များရဲ့လက်ရာများဟာ လူကြိုက်များကြပေမယ့်လည်း အချို့သောဒီဇိုင်းပညာရှင်များရဲ့ ဆန်းသစ်လွန်းတဲ့လက်ရာများဟာ ရယ်စရာကောင်းနေခဲ့ပါတယ်။ ဒီဇိုင်းပညာရှင်များရဲ့ဖန်တီးမှုများကို ကဲ့ရဲ့လိုစိတ်မရှိဘဲ မိတ်ဆွေတို့ရဲ့ဘဝအမောတွေ ပြေပျောက်စေဖို့အတွက်သာရည်ရွယ်ပြီး အခုတစ်ခေါက်မှာတော့ ဆန်းသစ်လွန်းတဲ့ ဒီဇိုင်းနာများရဲ့ရယ်စရာကောင်းတဲ့ ဓာတ်ပုံအချို့ကို မျှဝေပေးလိုက်ပါတယ်။ ၁။ ခြေသည်းနီဆိုးစရာမလိုတဲ့ ခြေအိတ် ၂။ ထမင်းစားရင်း Selfie ရိုက်လို့ရမယ့် Selfie ဇွန်း ၃။ ၄။ မာစီးတီး logo နဲ့ ဖိနပ် ၅။ ၆။ ဧရာမလက်ပတ်နာရီ ၇။ ရေကူးကန် ၈။ 6 pack အနွေးထည် ၉။ နားအေးတတ်သူများအတွက် နားဦးထုပ် ၁၀။ ၁၁။ ပြောင်းဖူးပိုက်ဆံအိတ် ၁၂။ ၁၃။ ၁၄။ ပန်းကန်စင် ၁၅။ …

ဒီဇိုင်းပညာရှင်များရဲ့ ရယ်စရာကောင်းတဲ့ တီထွင်ဖန်တီးမှုများ – (၂၅)ပုံ Read More »

အကုန်အကျအနည်းဆုံးနဲ့ ပုံစံတူပြုလုပ်ထားတဲ့ Lowcostcosplay ရဲ့အရယ်ရဆုံးဓာတ်ပုံများ – (၂၅)ပုံ

ဝတ္ထု၊ ကာတွန်း နဲ့ ဂိမ်း အစရှိတဲ့ဇာတ်ကောင်များရဲ့ ပုံစံတူ Cosplay ပြုရတာဟာ မလွယ်လှသလို ငွေကုန်ကြေးကျများနိုင်ပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံက Anucha ‘Cha’ Saengchart ဆိုတဲ့အမျိုးသားဟာ ငွေအကုန်အကျနည်းနည်းနဲ့ ပုံစံတူ Cosplay များပြုလုပ်ကာ လူမှုကွန်ပေါ်မှာမျှဝေခဲ့ပြီး နာမည်ကြီးလာခဲ့ပါတယ်။ သူပြုလုပ်ခဲ့တဲ့ ပုံစံတူ Cosplay ဓာတ်ပုံများဟာ ရယ်စရာကောင်းလှတာကြောင့် ကြည့်ရှူသူများက သဘောကျကြိုက်နှစ်သက်ခဲ့ပါတယ်။ လက်ရှိမှာတော့ Facebook ပေါ် Lowcostcosplay ဆိုတဲ့ Page နာမည်နဲ့ Follower ပေါင်း (5.6)သန်းကျော် အခိုင်အမာရရှိထားပါတယ်။ အောက်ဘက်မှာတော့ သူပြုလုပ်ဖန်တီးထားတဲ့ ပုံစံတူ Cosplay များထဲမှ ပုံအချို့ကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ …

အကုန်အကျအနည်းဆုံးနဲ့ ပုံစံတူပြုလုပ်ထားတဲ့ Lowcostcosplay ရဲ့အရယ်ရဆုံးဓာတ်ပုံများ – (၂၅)ပုံ Read More »

ကြည့်လိုက်တာနဲ့ ပြုံးမိသွားစေနိုင်မယ့် ရယ်စရာဟာသဓာတ်ပုံများ – (၂၅)ပုံ

အချို့သောရယ်စရာကောင်းတဲ့ဓာတ်ပုံတွေဟာ မထင်မှတ်ထားတဲ့အချိန်မျိုးမှာ ရိုက်ကူးခဲ့မိလို့ ဟန်ဆောင်မှုလုံးဝမရှိတဲ့ သဘာဝဆန်တဲ့ဟာသဓာတ်ပုံတွေဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံတွေဟာ ကြည့်ရှုမိတဲ့လူတိုင်းကို ပြုံးရယ်စေနိုင်မယ့်အပြင် ၊ ဘယ်အချိန်ကြည့်ကြည့် လုံးဝမရိုးနိုင်မယ့်ဓာတ်ပုံတွေလည်းဖြစ်ပါတယ်။ ယခုတစ်ခေါက်မှာတော့ မိတ်ဆွေတို့ရဲ့ဘဝအမောတွေကို ပြေပျောက်စေဖို့အတွက် ရယ်စရာကောင်းတဲ့ဓာတ်ပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။

ဉာဏ်ကြီးရှင်တွေ တီထွင်ဖန်တီးထားတဲ့ ထူးထူးဆန်းဆန်း အသုံးဆောင်ပစ္စည်းများ – ပုံ(၂၀)

များသောအားဖြင့် ပညာရှင်တွေ တီထွင်ထားတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေဟာ လူမှုဘဝကို ပိုမိုလွယ်ကူစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချို့သောတီထွင်ထားတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေဟာ အသုံးဝင်တယ်လို့ထင်ရပေမယ့် ရူးရူးကြောင်ကြောင်နိုင်လွန်းလှပါတယ်။ ဘာကြောင့်လည်းဆိုတာကိုတော့ အောက်ဘက်ပုံတွေကိုပဲ ဆက်လက်ကြည့်ရှုလိုက်ရအောင်။ ၁။ ရှေ့နောက်တစ်ခါတည်း ကြည့်လိုက်ရတဲ့မျက်မှန် ၂။ မိုးရွာတုန်း ရေခံ ၃။ နေစွမ်းအင်နဲ့ ဖုန်းအားသွင်း ၄။ ကားမောင်းရင်း အင်္ကျီလှန်း ၅။ Single တွေအတွက် ကော်ဖီဗူး ၆။ ခြေချောင်းငါးချောင်းလုံး တစ်ပြိုင်တည်းညှပ်လို့ရတဲ့ လက်သည်းညှပ် ၇။ ၈။ ရေပေါ်စက်ဘီး ၉။ လက်တစ်ဖက်ပါတဲ့ ကျောပိုးအိတ် ၁၀။ လူစီးလို့ရတဲ့ ခရီးဆောင်အိတ် ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ တောင်သူလယ်သမားတွေအတွက် ဘက်စုံသုံးကိရိယာ ၁၆။ နှာခေါင်းပုံဖော်ပစ္စည်း ၁၇။ ဂိုးတိုင်ထိုင်ခုံ …

ဉာဏ်ကြီးရှင်တွေ တီထွင်ဖန်တီးထားတဲ့ ထူးထူးဆန်းဆန်း အသုံးဆောင်ပစ္စည်းများ – ပုံ(၂၀) Read More »

နာမည်ကြီးစူပါမော်ဒယ် Kendall Jenner ရဲ့ဓာတ်ပုံတွေထဲ Photoshop နဲ့ မိမိကိုယ်ကိုထည့်သွင်းခဲ့သူ –(၂၆)ပုံ

မည်သူမဆို ကိုယ်သဘောကျကြိုက်နှစ်သက်ကြတဲ့ မင်းသား၊ မင်းသမီး၊ ဆယ်လီ အစရှိတဲ့သူတွေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးချင်ကြမှာပါ။ ဒါပေမယ့် ကမ္ဘာကျော်ဆယ်လီတွေနဲ့ ဓာတ်ပုံအတူရိုက်ကူးနိုင်ဖို့ဆိုတာကတော့ အတော့်ကိုမလွယ်ကူလှပါဘူး။ သို့ပေမယ့်လည်း Kirby Jenner ဆိုအမျိုးသားကတော့ Photoshopကို အသုံးပြုပြီး ကမ္ဘာကျော်စူပါမော်ဒယ် Kendall Jenner ရဲ့ဓာတ်ပုံတွေထဲမှာ သူကိုယ်တိုင်ပါဝင်အောင် ပြုလုပ်ခဲ့ပါတယ်။ Kirby Jenner ပြုပြင်ခဲ့ဓာတ်ပုံတွေဟာ သေသပ်ပီပြင်လွန်းတာကြောင့် အမှန်တကယ်ပဲ Kendall Jenner နဲ့ဓာတ်ပုံအတူတွဲရိုက်ထားသလားလို့တောင် ထင်ရပါတယ်။ အောက်ဘက်မှာတော့ Kirby Jenner ဟာ Kendall Jenner ရဲ့ဓာတ်ပုံတွေထဲ Photoshop နဲ့ ပြုပြင်ပြီးမိမိကိုယ်ကိုထည့်သွင်းထားတဲ့ ဓာတ်ပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ …

နာမည်ကြီးစူပါမော်ဒယ် Kendall Jenner ရဲ့ဓာတ်ပုံတွေထဲ Photoshop နဲ့ မိမိကိုယ်ကိုထည့်သွင်းခဲ့သူ –(၂၆)ပုံ Read More »

ကမ္ဘာ့နာမည်ကြီးအမှတ်တံဆိပ်များကို ဆင်တူရိုးမှားတုပပြီး အမည်ပေးထားကြတဲ့ ဆိုင်များနဲ့ကုန်ပစ္စည်းများ – (၂၅)ပုံ

ကမ္ဘာ့နိုင်ငံအတော်များများမှာ နာမည်ကြီး fast food ဆိုင်တွေဖြစ်ကြတဲ့ McDonald’s နဲ့ KFC ကဲ့သို့ ဆိုင်တွေရှိကြသလို ဆင်တူရိုးမှားဆိုင်တွေလည်း ရှိကြပါတယ်။ အချို့နိုင်ငံများမှာတော့ ထိုနာမည်ကြီးဆိုင်တွေရဲ့ နာမည်များကို ဆင်တူရိုးမှားတုပပြီး အမည်ပေးရုံမက ကုန်ပစ္စည်းအမှတ်တံဆိပ်များနဲ့ ဆိုင်းဘုတ်များကိုပါတုပပြီး ဆင်တူရိုးမှားပြုလုပ်တတ်ကြပါတယ်။ အောက်ဘက်မှာတော့ ကမ္ဘာတစ်ဝှမ်းမှ နာမည်ကြီးအမှတ်တံဆိပ်များကို ဆင်တူရိုးမှားပြုလုပ်ထားကြတဲ့ ကုန်ပစ္စည်းများနဲ့ ဆိုင်များရဲ့ဓာတ်ပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။

error: Content is protected !!