Online Shop မှာ ရောင်းချဖို့ ယောကျ်ားကို photo model လုပ်ခိုင်းခဲ့တဲ့အမျိုးသမီး
ကမ္ဘာ့ကပ်ရောဂါကြောင့် ဆိုင်ပိတ်ထားရတဲ့ fashion shop တော်တော်များများဟာ online shop အနေနဲ့ အင်တာနက်ပေါ်မှာ ရောင်းချလာကြပါတယ်။ online shop ပေါ်မှာ ပစ္စည်းတွေကိုရောင်းချတဲ့အခါ ဓာတ်ပုံတွေကိုပြပြီး ရောင်းချရပါတယ်။ အချို့သောဖက်ရှင်ဆိုင်များဟာ ပစ္စည်းတွေသာရှိပြီး ဓာတ်ပုံတွေမရှိတဲ့အတွက် ဓာတ်ပုံတွေကို ကိုယ်တိုင်ပြန်ရိုက်ပြီး ရောင်းချကြပါတယ်။ ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးကတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ သူ့ယောကျ်ားကိုမြင်ပြီး အကြံဉာဏ်တစ်ခုရခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ယောကျ်ားကို photo model ပြုလုပ်ခိုင်းဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူမဟာ ဓာတ်ပုံတွေရိုက်ပြီးတဲ့အခါ သူမရဲ့ online shop ဖြစ်တဲ့ facebook page မှာ အင်္ကျီတွေကိုရောင်းချဖို့ ဓာတ်ပုံတွေကိုတင်လိုက်တဲ့အခါမှာတော့ တော်တော်လေးကို နာမည်ကြီးသွားခဲ့ပြီး မှတ်ချက်ပေးသူများနဲ့ ပြန်လည်မျှဝေသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ အောက်ဘက်မှာတော့ သူမရဲ့ online shop မှာတင်ခဲ့တဲ့ဓာတ်ပုံတွေကို …
Online Shop မှာ ရောင်းချဖို့ ယောကျ်ားကို photo model လုပ်ခိုင်းခဲ့တဲ့အမျိုးသမီး Read More »